ကျေးဇူးကြီးလှ မိနှင့်ဖ....
ပဉ္စဂုဏံ အဟံဝန္တာမိ....ဘုရား၊တရား၊သံဃာ၊မိဘ နှင့် ဆရာ ဘယ်သောအခါမှမမေ့အပ်...မပစ်မှားအပ်သော ရတနာများပင်ဖြစ်ပါ
သည်။ကျွန်ုပ်တို့လူငယ်လူရွယ်များသည် များသောအားဖြင့် မေ့လျှော့နေတတ်ကြပါသည်။အချို့မှာ စီးပွား
ရေးကိစ္စများ နှင့် မအားအလပ်ကြသည်ကြောင့်၎င်း၊အချို့မှာ အနေဝေးနေကြသောကြောင့်၎င့်း၊ အချို့မှာ
ရည်ရွယ်ချက်ဖြင့်တောင်မေ့ထားကြသူများပင် ရှိကြပါသည်။ မိမိတို့ကိုမွေးဖွားသန့်စင်ပေးခဲ့သော မိခင်
ကျွေးမွေးဆောင့်ရှောက်ခဲ့သော ဖခင် တို့သည် လောကသုံးပါးအားသိမြင်တော်မူသော ဘုရားရှင်ကိုယ်
တော်မြတ်ကြီးနှင့်ပင် တစ်ဂိုဏ်တည်းထား ဦးထိပ်ပန်ဆင်ရန် တရားတော်များတွင်ဆုံးမထားပေသည်။
သို့ပါသောကြောင့် မိမိတို့တွင် နောင်တများကြီးစွာရခြင်းများ မရှိရလေအောင်မကွယ်လွန်မှီ တဖန်ပြုစု
ဆောင့်ရှောက်ကြပါရန်အလွန်အရေးကြီးပါသည်။ ပိုက်ဆံပေးရုံဖြင့် ကျေးဇူးဆပ်ရာမမည်ဟု ကျွန်ုပ်ခံယူ
ပါသည်။ ပိုက်ဆံပေးပါသော်လည်း စိတ်မချမ်းသာရပါက ငရဲပင်ကျနိုင်ပါသည်။ တစ်ချို့ရှိကြပါသေးသည်။
မိဘများအား မိမိအိမ်တွင် ခေါ်ထားသော်ညားလည်း အစေခံနှင့်မခြား မောက်မာရိုင်းစိုင်း အပြုမူရိုင်းများနှင့်
ဆက်ဆံပြောဆို ပြုမူကြသူများပင်ရှိပါသေးသည်။ ဘုရားဟောတွင် ကာယကံ၊၀စီကံ၊မနောကံ တည်းဟူ
သော ကံသုံးပါးမှ တစ်ပါးပါး ဖြင့်ပစ်မှားမိလျှင် ငရဲလားမည်မှာမလွဲပေ....ထို့ကြောင့် ငရဲမကြလေအောင်
မိဘကို ရိုသေသော သားကောင်းသမီးရတနာများဖြစ်ကြပါစေ......


.jpg)
