Monday, April 29, 2013
ဂုဏ်တော်ကိုးပါး...
ဗုဒ္ဓမြတ်စွာဘုရား၏ဂုဏ်တော်ကိုးပါး အနက်အဓိပ္ပါယ်ပါ...
                           အရဟံ၊အရဟံ၊အရဟံ
            ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား
         ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား...
                                      သမ္မာသမ္ဗုဒ္ဓေါ
သိစရာအားလုံးတို့ကိုအမှန်အတိုင်းကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
အသိဉာဏ်ရော အကျင့်သီလပါ ပြည့်စုံတော်မူသောမြတ်စွာဘုရား
                                သုဂတော
ကောင်းသောစကား(မှန်ကန်ပြီး အကျိုးရှိသောစကား)ကိုဆိုတော်မူသောမြတ်စွာဘုရား
                           လောက၀ိဒူ
       လောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရား
       (သတ္တလောက၊သြကာသလောက၊သင်္ခါရလောက)
                  အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သတ္တ၀ါတို့ကိုအတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား
                      သတ္တာဒေ၀မနုဿာနံ
နတ်၊လူ တို့၏ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား
                             ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိတော်မူသော သူတပါးတို့ကိုလည်း
             သိအောင် ဟောကြားတော်မူသောမြတ်စွာဘုရား
                          ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား
(က္ကဿရိယဘုန်းတော်၊ဓမ္မဘုန်းတော်၊ယသဘုန်းတော်
သီရိဘုန်းတော်၊ကာမဘုန်းတော်၊ပယတ္တဘုန်းတော်)
Friday, April 26, 2013
သံသရာ
သံသရာ...
ဗုဒ္ဓဘာသာမြန်မာလူမျိုးအချို့သည် ရတနာသုံးပါးအားမေ့လျှော့နေပေသည်။ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူသည်မှာ
ကောင်းမှုကံသည် ကောင်းကျိုးကုသိုလ်ဖြစ်ပေမည်။မကောင်းမှုကံသည် မကောင်းကျိုး အကုသိုလ်သာဖြစ်
ပေမည်။မိမိပြုသောကံသာလျှင် မိမိအကျိုးဆက်ဖြစ်ပေသည်။အန္တရာယ်ကင်းအောင် အန္တရာယ် ကင်းတဲ့
နတ်ကို ပူဇော်ရန်မလိုပါ။စီးပွားတက်အောင် စီးပွားတက်တဲ့နတ်ကို ပူဇော်ရန်မလိုပါ။အတိတ်ကမိမိ ပြုခဲ့တဲ့
ကံရယ် အခုပစ္စုပ္ပန်မှာမိမိပြုနေတဲ့ကံတွေရဲ့အကျိုးဆက်ပေါ်မှာပဲမူတည်ပါတယ်။ကောင်းမှုကံများများပြုတဲ့
သူကောင်းကျိုးကံစံစားရမည်...မကောင်းမှုကံများများပြုသူ...မကောင်းကျိုးအကုသိုလ်ကံ ခံစားရမည်မှာ
မလွဲဧကံပင်ဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့် ဘုရားရှေ့လေးဘက်ကုန်း အာပေါင်အာရင်းသန်သန်နဲ့
ဟိုနတ်တိုင်တည် ဒီနတ်တိုင်တည်တာတွေသည် သရဏံဂုဏ်ပျက်နေခြင်းသာဖြစ်ပါသည်။သရဏံဂုဏ်ပျက်
သူသည် သံသရာတောက်လျှောက် သုဂတိဘုံသို့မရောက်နိုင်ပါ...သို့ပါသောကြောင့် ရတနာသုံးပါး ဦးထိပ်
ထားလျှက် သရဏံဂုဏ်မပျက်ကြဖို့ရင်ထဲမှာဘုရားတည်ပြီး ဗုဒ္ဓံ သရဏံ ဂစ္စာမိ၊ဓမ္မံ သရဏံ ဂစ္စာမိ၊သံဃံ 
သရဏံ ဂစ္စာမိ လို့ရွတ်ဆိုပူဇော်လိုက်ကြပါစို့....  
Thursday, April 25, 2013
ဘုရား...တရား...သံဃာ
ဘုရားဂုဏ်တော်...တရားဂုဏ်တော်...သံဃာဂုဏ်တော်
များအားမျှဝေလိုက်ရပါတယ်
          (၁)ဘုရားဂုဏ်တော်
ဣတိပိသော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောက၀ိဒူ
        အနုတ္တရောပုရိဿ ဓမ္မသာရထိ
     သတ္တာဒေ၀ မနုဿာနံ ဗုဒ္ဓေါ ဘဂ၀ါ။
          (၂)တရားဂုဏ်တော်
       သွာက္ခတော ဘဂ၀တော ဓမ္မော
သန္ဒိဌိကော အကာလိကော ဧဟိပဿိကော
သြပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။
          (၃)သံဃဂုဏ်တော်
သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
သာမိစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
ယဒိဒံစတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ
ဧသ ဘဂ၀တော သာဝကသံဃော
အာဟုနေယျော ပါဟုနေယျော
ဒက္ခိနေယျော အဉ္စလိကရဏီယျော
အနုတ္တရံ ပုညခေတ္တံ လောကဿတိ။
ဘုရား၊တရား၊သံဃာ ရတနာသုံးပါး ဂုဏ်တော်များကြောင့် ဘေးရန်ခတ်သိမ်းငြိမ်း
ကြပါစေ...ဒေါသခတ်သိမ်းငြိမ်းကြပါစေ...နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ...
Tuesday, April 23, 2013
အံ့ဖွယ်(၁၈)ပါး
ဗုဒ္ဓမြတ်စွာဘုရားရှင်၏အံ့ဖွယ်(၁၈)ပါး...
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး
တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့      ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့်     ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
Buddhism Beams(Myanmar)မှကူးယူဖေါ်ပြပါသည်။
ဗုဒ္ဓဘာသာဝင်များ သိကောင်းစရာ...
ဗုဒ္ဓဘာသာဝင်များသိကောင်းစရာ...
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
>      သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
>      မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
Buddhism Beams(Myanmar)မှကူးယူဖေါ်ပြပါသည်။
Monday, April 22, 2013
သာသနာတော်အတွက်ပါ....
ဗုဒ္ဓဘာသာ သာသနာတော်အတွက်....
ကျွန်တော်တို့ဗုဒ္ဓဘာသာတွင် သာသနာတော်ကို ခုတုံးလုပ်ပြီး လုပ်စားနေတဲ့ သံဃာအတုတွေရှိနေပါတယ်
သူတို့ကြောင့်ကျွန်တော်တို့သာသနာတော်ကြီးညစ်နွမ်းစေပါတယ်။ကျွန်တော့်ရဲ့ကိုယ်တွေ့တစ်ခုကို တင်ပြလိုက်ပါတယ်...အယောင်ဆောင်ဘုန်းကြီးရဲ့ဘွဲ့ကိုတော့မမှတ်မိတော့ဘူး...သူကကျွန်တော်တို့အိမ်ကို
အလှူခံဖို့ရောက်လာတယ်...အိန္ဒိယမှာတက္ကသိုလ် တက်ဖို့စကောလားရှစ် ရထားတယ်ဆိုပြီးစာအုပ်ဖိုး
သင်္ဃန်းဖိုးတွေအလှူခံပါတယ်...ကျွန်တော်တို့ကလည်းသေချာမသိတော့ လှူလိုက်တာပေါ့...သူကပြောသွားသေးတယ် ဟိုမှာနှစ်နှစ်ကျောင်းတက်ပြီးမှ ပြန်လာရမယ်တဲ့။ဒါပေမယ့်လည်း သုံးလလောက်ကြာတော့ ကိုယ်တော်ချောကပြန်ရောက်လာပြန်တယ်။ဟိုမှာနေရထိုင်ရတာသိပ်အဆင်မပြေလို့ နောက်ပြီးကျောင်းအတွက်
အလှူငွေလိုလို့တဲ့တစ်ပါတ်ခွင့်ရလာကြတယ်တဲ့။သူနဲ့ဘုန်းကြီးလေးပါးတဲ့...အိမ်ကိုလာတာတော့သူတစ်ယောက်
တည်းပါ...ကျွန်တော်တို့ကတော့သူ့ကိုယုံတာကိုး...ပါတ်ဝန်းကျင်မှာတောင်လိုက်အလှူခံပေးလိုက်သေးတယ်။
ဘေးအိမ်တွေကလည်းလှူကြတာပေါ့...အဲ့လိုနဲ့အခေါက်ပေါင်းတော်တော်များသွားတယ်...ဒီလိုနဲ့သိပ်မကြာသေးခင်
ကမှကိုယ်တော်ချောအိမ်ကိုပေါက်ချလာလေရော...သူဒီတစ်ခေါက်ပြန်လာတာဘွဲ့လာယူတာတဲ့လေ...ဒါနဲ့သူပြော
သလိုဘဲမြန်မာ့အသံမှာလည်းသံဃာတော်တွေဘွဲ့ဆက်ကပ်တဲ့အခန်းအနားလုပ်သွားတယ်လေ...ဒါပေမယ့်သူ့ကို
မေးလိုက်မိပါသေးတယ်...တီဗွီမှာလည်းမတွေ့လိုက်ဘူးလို့မေးတော့သူက နောက်ဆုံးမှာထိုင်နေတာဆိုတော့
ဘယ်တွေ့မှာလဲတဲ့လေ...ဘွဲ့ယူပြီး PHD ဆက်တက်ရမယ်ပြောတယ်လေ...မနက်ဖြန်အိန္ဒိယပြန်ရမှာတဲ့...လာနှုတ်ဆက်တာတဲ့...ဒါပေမယ့်ထုံးစံအတိုင်း
အလှူတော့ခံသွားသေးတာပေါ့...ဒါနဲ့နှစ်ရက်လောက်ကြာတော့သင်္ကြန်လည်းရောက်တော့ ကျွန်တော်လည်း ဟိုသွားဒီသွားပေါ့...ဒီလိုနဲ့ကျွန်တော့်ရဲ့အမျိုးတွေနေတဲ့မြောက်ဒဂုံဘက်ရောက်တော့ ကျွန်တော့တူလေး ဆံပင်ညပ်ဖို့ဆံပင်ညပ်ဆိုင်လိုက်သွားလိုက်တာဗျာ ကိုယ်တော်ချောကဟောင်ဖွာဟောင်ဖွာနဲ့ ဆိုင်ထဲဝင်လာတယ်...ကတုံးကိုအုပ်ထုပ်ဆောင်းပြီး အင်္ကျီနဲ့ ဘောင်းဘီနဲ့မိုက်နေလိုက်တာ...ကျွန်တော့်ကိုလည်းတွေ့ရော ကိုယ်တော်ချော သုတ်ခနဲပြေးတာကျွန်တော်လိုက်တာတောင်မှီလိုက်ဘူး...ဒါနဲ့ဆိုင်ပြန်ရောက်တော့ ဆိုင်ကလူကိုမေးကြည့်တော့ ဘယ်ကလူလဲတော့မသိဘူး ဆိုင်မှာတော့ခဏခဏ ကတုံးလာတုံးတယ်တဲ့ဗျာ...သူ့ကိုတော့ အခုထိမတွေ့တော့ပါဘူး...သူလာရဲဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ သူ့ကိုအမိဖမ်းဖို့ကြိုးစားသွားမှာပါ...ကျွန်တော့်လိုအလိမ်မခံရဖို့နဲ့ သာသနာတော်အတွက် သူ့လိုလူမျိုးတွေကိုဖော်ထုတ်ပြီး ထိုက်တန်တဲ့အပြစ်ဒဏ်ကျခံစေပြီး သာသနာတော်ကိုဝိုင်းဝန်းကာကွယ်ကြဖို့သတိပေးလိုက်ပါရစေဗျာ....
သာသနာတော်အတွက်စည်းရိုးလုံအောင်ခတ်ရင်းဝိုင်းဝန်းကြိုးစားကြပါစို့ဗျာ....  
Sunday, April 21, 2013
(၂၄)ပစ္စည်း ပဌာန်းတော်...မေတ္တာပွားနည်း..
ပဌာန်း(၂၄)ပစ္စည်း မေတ္တာပွားနည်း..
၁။ ဟေတုပစ္စယော          - သတ္တ၀ါအားလုံး မကောင်းသော(လောဘ၊ဒေါသ၊မောဟ)ဟိတ်တရားများကို
                                    ပယ်ရှားနိုင်ကြပြီး ကောင်းသော (အလောဘ၊အဒေါသ၊အမောဟ)ဟိတ်တရား
                                    များ တိုးတက် ခိုင်မြဲနိုင်ကြပါစေ...
၂။ အာရမ္ပဏပစ္စယော      - သတ္တ၀ါအားလုံး မကောင်းသောအာရုံများတွင် မမွေ့လျော်ဘဲ ကောင်းသော
                                    အာရုံးများတွင်သာ မွေ့လျော်နိုင်ကြပါစေ...
၃။ အဓိပတိပစ္စယော        - သတ္တအားလုံးမကောင်းသောတရားများတွင်(ဆန္ဒ၊စိတ္တ၊၀ီရိယ)တရားများနှင့်
                                   ကြီးမှူးဦးမဆောင်နိုင်ဘဲ ကောင်းသောတရားများတွင်(ဆန္ဒ၊စိတ္တ၊၀ီရိယ၊၀ိမံသ)
                                   တရားများနှင့် ကြီးမှူးဦးဆောင်သွားနိုင်ကြပါစေ...
၎။ အနန္တရပစ္စယော         - သတ္တ၀ါအားလုံး မကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ၊ အကြားမ
                                   လပ် ဆက်တိုက်မဖြစ်ကြဘဲ ကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ
                                   သာလျှင် အကြားမရှိ စဉ်ဆက်ဖြစ်နိုင်ကြပါစေ...
၅။ သမနန္တပစ္စယော        - သတ္တ၀ါအားလုံး မကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ၊ အကြားမ
                                   လပ် ဆက်တိုက်မဖြစ်ကြဘဲ ကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ
                                   သာလျှင် အကြားမရှိ စဉ်ဆက်ဖြစ်နိုင်ကြပါစေ...
၆။ သဟဇာတပစ္စယော    - သတ္တ၀ါအားလုံး မကောင်းသော ရုပ်၊နာမ်တရားများ အတူတကွမဖြစ်ကြဘဲ
                                   ကောင်းသောရုပ်၊နာမ်တရားများသည်သာလျှင် အတူတကွဖြစ်နိုင်ကြပါစေ...
၇။ အညမညပစ္စယော      - သတ္တ၀ါအားလုံး မကောင်းသောရုပ်၊နာမ်တရားများ အချင်းချင်းယှဉ်တွဲပြီး အ
                                   ပြန်အလှန် ကျေးဇူးမပြုကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသည်သာလျှင်
                                   အချင်းချင်းယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြပါစေ...
၈။ နိဿယပစ္စယော       - သတ္တ၀ါအားလုံး မကောင်းသော ရုပ်၊နာမ်တရားများတွင် မှီပြီးမဖြစ်ကြဘဲ
                                  ကောင်းသော ရုပ်၊နာမ်တရားများတွင်သာ အမှီပြုပြီး ဖြစ်နိုင်ကြပါစေ...
၉။ ဥပနိဿယပစ္စယော   - သတ္တ၀ါအားလုံး မကောင်းသော ပညတ်၊နာမ်၊ရုပ် တရားများတွင် အားကြီး
                                   သော မှီရာအဖြစ် အမှီမပြုကြဘဲ ကောင်းသော ပညတ်၊နာမ်၊ရုပ် တရားများ
                                   တွင်သာ အားကြီးသောမှီရာအဖြစ် အမှီပြုပြီး ဖြစ်နိုင်ကြပါစေ...
၁၀။ ပုရေဇာတပစ္စယော  - သတ္တ၀ါအားလုံး ရှေးဦးစွာကြိုတင်ပြီး မကောင်းသောရုပ်တရားများ မဖြစ်နှင့်ကြ
                                  ဘဲ ကောင်းမွန်သောရုပ်တရားများသည်သာ ဖြစ်နှင့်နိုင်ကြပါစေ...
၁၁။ ပစ္ဆာဇာတပစ္စယော  - သတ္တ၀ါအားလုံး ဖြစ်နှင့်ပြီး ရုပ်တရားများအား နောက်မှဖြစ်သော နာမ်တရား
                                  များက ကျေးဇူးပြုရာတွင် မကောင်းသော နာမ်တရားများက ကျေးဇူးမပြုကြဘဲ
                                  ကောင်းမွန်သော နာမ်တရားများကသာ ကျေးဇူးပြုနိုင်ကြပါစေ...
၁၂။ အာသေ၀နပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော အကုသိုလ်တရားများ အဖန်တလဲလဲ ထုံခြင်း
                                  သဘောဖြင့် ထပ်ကာ ထပ်ကာမဖြစ်ကြဘဲ ကောင်းမွန်သန့်စင်သော ကုသိုလ်
                                  တရားများသည်သာ အဖန်တလဲလဲ ထုံခြင်းသဘောဖြင့် ကြိမ်ဖန်များစွာ ဖြစ်နိုင်
                                  ကြပါစေ...
၁၃။ ကမ္မပစ္စယော         - သတ္တ၀ါအားလုံး မကောင်းသောအကုသိုလ်တရားများကို မပြုလုပ်အားမထုတ်
                                 နိုင်ကြဘဲ ကောင်းသော ကုသိုလ်တရားများကိုသာလျှင် ပြုလုပ်အားထုတ်နိုင်ကြ
                                 ပါစေ...
၁၄။ ၀ိပါကပစ္စယော      - သတ္တ၀ါအားလုံး မကောင်းသောအကုသိုလ်တရားများ မရရှိမခံစားနိုင်ကြဘဲ                                       ကောင်းသော ကုသိုလ်တရားများကိုသာလျှင် ရရှိခံစားနိုင်ကြပါစေ...
၁၅။ အဟာရပစ္စယော   - သတ္တအားလုံးရရှိထားရာ ခန္ဓာကြီးအား မကောင်းသောရုပ်၊နာမ်တရားများနှင့် မ
                                ထောက်ပံ့နိုင်ကြဘဲ ကောင်းသောရုပ်၊နာမ်တရားများနှင့်သာ ထောက်ပံ့နိုင်ကြပါစေ...
၁၆။ က္ကန္ဒြိယပစ္စယော    - သတ္တ၀ါအားလုံး မကောင်းသောရုပ်၊နာမ်တရားများတွင်အစိုးမရနိုင်ကြဘဲကောင်း
                                သော ရုပ်၊နာမ်တရားများတွင်သာ အစိုးရနိုင်ကြပါစေ...
၁၇။ ဈာနပစ္စယော       - သတ္တ၀ါအားလုံးမကောင်းသော တရားများတွင် မစူးစိုက်အာရုံမပြုနိုင်ကြဘဲ
                                ကောင်းသောတရားများတွင်သာ စူးစိုက်အာရုံပြုနိုင်ကြပါစေ...
၁၈။ မဂ္ဂပစ္စယော          - သတ္တ၀ါအားလုံးဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသောအကုသိုလ်ခ
                                 ရီးလမ်းကြောင်းကိုမလျှောက်လှမ်းနိုင်ကြဘဲ သုဂတိဘုံဘ၀မှသည် နိဗ္ဗာန်သို့တိုင်
                                ရောက်စေတတ်သည့် ကောင်းသောကုသိုလ်ခရီးလမ်းကြောင်းကိုသာ လျှောက်လှမ်း
                                နိုင်ကြပါစေ...
၁၉။ သမ္ပယုတ္တပစ္စယော - သတ္တ၀ါအားလုံးမကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ၊ယှဉ်တွဲပြီးမဖြစ်
                                 ကြဘဲ ကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများသာလျှင် ယှဉ်တွဲသော
                                အားဖြင့်ဖြစ်နိုင်ကြပါစေ...
၂၀။  ၀ိပ္ပယုတ္တပစ္စယော - သတ္တ၀ါများအားလုံး မယှဉ်တွဲသောအားဖြင့်လည်းမကောင်းသော ရုပ်၊နာမ်တရား
                               များ မဖြစ်နိုင်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသည်သာ ဖြစ်နိုင်ကြပါစေ...
၂၁။ အတ္ထိပစ္စယော      -သတ္တ၀ါအားလုံးမကောင်းသောရုပ်၊နာမ်တရားများထင်ရှားရှိမဖြစ်နိုင်ကြဘဲကောင်း
                                သော ရုပ်၊နာမ်တရားများသည်သာ ထင်ရှားရှိပြီးဖြစ်နိုင်ကြပါစေ...
၂၂။ နတ္ထိပစ္စယော       - သတ္တ၀ါအားလုံး ထင်ရှားမရှိ ချုပ်ငြိမ်းပြီးခြင်းအားဖြင့်လည်း မကောင်းသောနာမ်
                               တရား မဖြစ်နိုင်ကြဘဲ ကောင်းသောနာမ်တရားများသာဖြစ်နိုင်ကြပါစေ...
၂၃။ ၀ိဂတပစ္စယော     - သတ္တ၀ါအားလုံးကင်းကွာသောအားဖြင့်လည်း မကောင်းသောနာမ်တရားများ မ
                               ဖြစ်နိုင်ကြဘဲ ကောင်သောနာမ်တရားများသည်သာ ဖြစ်နိုင်ကြပါစေ...
၂၄။အ၀ိဂတပစ္စယော - သတ္တ၀ါအားလုံးမကင်းကွာသောအားဖြင့်လည်းမကောင်းသောရုပ်၊နာမ်တရားများ
                             မဖြစ်နိုင်ကြဘဲ ကောင်သောရုပ်၊နာမ်တရားများသည်သာ ဖြစ်နိုင်ကြပါစေ...
သတ္တ၀ါအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘာသာသာသနာအကြိုး သယ်ပိုးနိုင်ပြီး ဘာသာမျိုပြီးသာသနာမပျောက်အောင် ထိန်းသိမ်းနိုင်ကြပါစေ...
Friday, April 12, 2013
ရတနာသုံးပါး...
 သုံးပါးရတနာ
ရတနာသုံးပါးဂုဏ်တော်များကြောင့်
အတာကူးတဲ့ဒီတခူးမှာ
သင်္ကြန်ရေစင် သွန်းလောင်းကာပင်
ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်သာ
 အေးချမ်းသာယာပြည်မြန်မာဟု
နှစ်ကူးမှသည် နှစ်ပေါင်းအသင်္ချေ တည်ပါစေသား
မြန်ပြည်သားတို့
ရတနာသုံးပါဦးထိပ်ထားဖို့ မှာကြားသတိအမြဲရှိက
သာသနာစည်းရိုးခတ်ပြီးသားမို့
နှိုးဆော်ပါသည် သာသနာမကွယ်မှီ
လက်တွဲညီညီ ဆောက်တည်ကြမည်မဟုတ်ပါလော...
                                                                  သူရ(လယ်ဝေး)
Thursday, April 11, 2013
သာသနာတော်တည်တံ့ဖို့ ၀ိုင်းဝန်းကြိုးပမ်းစို့....
သာသနာတော်တည်တံ့ဖို့ ၀ိုင်းဝန်းကြိုးပမ်းစို့....
ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ...ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ သတိမမူပဲနေလာလိုက်တာ တော်တော်တောင်ကြာခဲ့ကြပြီဖြစ်ပါသည်။ကျွန်တော်ပင်လျှင် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါလျှက် ပေါ့ပေါ့စစ နေခဲ့မိပါသည်။ကျွန်တော်တို့ဘာသာဝင်များ စည်းရှိဖို့လိုလာပါပြီ။အစ်စလာမ် ဘာသာဝင်တို့သည် များသောအားဖြင့် ၄င်းတို့ဘာသာဝင်ဈေးဆိုင်များ Shopping Center တို့တွင်သာသွားရောက် ၀ယ်ယူကြသည်။ကျွန်တော်တို့တိုင်းပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ပါ...ထိုသို့ပြောခြင်းကြောင့် မွတ်စလင်များကိုမုန်းတီးခြင်း မကောင်းမြင်ခြင်း ရန်မူလိုခြင်းများမဖြစ်သင့်ပါ...ကျွန်တော်တို့ဗုဒ္ဓဘုရားသည် အစွန်းမရောက်ပါ...ကျွန်တော်တို့ပြုသမျှဟာ ကျွန်တော်တို့ကံသာဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့် သာသနာတော်အရှည်ခန့် တည်တံ့စေရန် လူကြီးမင်းတို့သည်လည်း အစ်စလာမ်ဆိုင်များ Shopping Center များ အငှားကားများအား ရှောင်ရှားကြပြီး မိမိတို့ရင်သွေများ၏ ရင်ထဲတွင်လည်းသာသနာတော်တံဆိပ် ကပ်နှိပ်ပေးရင်း သာသနာအကြိုးသယ်ပိုးလိုက်ကြပါစို့....
 သာသနာ့အမွေ...
 ညောင်တုန်းမြို့ကမိုးဟုတ်စေတီပါ...
Wednesday, April 10, 2013
ယုံကြည်မှု...
ကျွန်တော့်အမြင်...
ဗုဒ္ဓဘာသာဝင်တော်တော်များများတွင် နတ်များကို ယုံကြည်စွာကိုယ်းကွယ်နေသူများရှိသည့်အနက်မှ ကျွန်တော်သည် ဆရာကြီးရွှေဥဒေါင်း ရေးသောစာအုပ်တွင်(စာအုပ်အမည်မသိတော့ပါ)ရေးသားခဲ့သော စာသားအားအလွန်နှစ်သက်ပါသည်။ထိုစာသားမှာ ကျွန်ုပ်နှင့်မိတ်ဆွေကြီး ကိုဗမော်တို့သည် နတ်များအား များစွာမှလည်းအယုံအကြည်မရှိ...ကောင်းသည်ဟုလည်းမသုံးသပ် မကောင်းပါဟုလည်းမဝေဖန်ပါ...သို့သော် နာမည်ကျော်လူဆိုးကြီးများအား ဝေးဝေးမှရှောင်သကဲ့သို့ရှောင်ကြလေသည်တဲ့။ကျွန်တော်ဆန့်ကျင်တိုက်ခိုက်
နေခြင်းမဟုတ်ပါ။လွတ်လပ်စွာယုံကြည်ခွင့်ရှိသည့်အားလျှော်စွာ ကျွန်တော့်အမြင်မတောက်တခေါက်လေးအား ရေးသားလိုက်ရပါသည်။
အတွင်းနတ်အပြင်နတ်ဟုရှိကြသေးပါသည်။နတ်အားလုံးကိုတော့ကျွန်တော်မသိပါ။ကျွန်တော်သိသော ကိုကြီးကျော်နှင့်စလိုက်ချင်ပါသည်။သူသည် သေရည်(အခုခေတ်ကတော့အရက်ပေါ့ဗျာ)သောက်ရတာနှစ်ခြိုက်
ပုံရပါသည်။ကြက်တိုက်ရတာပျော်ပုံရပါသည်။နောက်ပီး သူကငွေးလည်း ပြည့်စုံမယ်ထင်ပါတယ်။ဒါကြောင့်သူ့မှာ နောက်လိုက်တပည့်တွေတော်တော်များမယ်လို့လည်း
ထင်ပါတယ်။သူ့နယ်မှာသူကအထာရှိမယ်ထင်ပါတယ်။သူက ဘာသာသာသနာအတွက် တော့လုပ်ဆောင်သွားတာ မကြားဖူးပါဘူး။(ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်)ဒီလိုလူအသတ်ခံရတော့သူ့နောက်လိုက်တပည့်တွေ
က သူ့ဆရာသေတဲ့အတွက်မကျေမနပ်ဖြစ်ကြမှာတော့သေချာတယ်ဗျ။ဒါကြောင့်သူ့တပည့်တွေက လူစုပြီး ပုန်ကုန်မှုတွေဖြစ်လာနိုင်တယ်။အဲ့လိုဆိုရင်တိုင်းပြည်မငြိမ်မသက်ဖြစ်မယ်။ဒီအရေးတွေကိုမြင်တဲ့ ဘုရင်က မင်းတို့ဆရာသေသွားပြီ...ဒါပေမယ့်မင်းတို့ဆရာကိုငါက ပခန်းမြို့ကို အပိုင်စားပေးလိုက်တယ်...အဲ့ဒီမှာမင်းတို့ဆရာကနယ်စားလို့လှည့်လိုက်တာဖြစ်မယ်ဗျ...
အဲ့ဒီတော့ အရက်သောက် ကြက်တိုက်နေတဲ့ ဆရာရဲ့တပည့်တွေကလည်း လည်လည်ဝယ်ဝယ် ရှိမယ်မထင်ဘူးဗျ...သေသွားတဲ့လူကို နယ်မြေအပိုင်စားပေးတော့ ဘာလုပ်လို့ရမှာလဲ...အဲ့ဒိနယ်မြေကနဂိုထက်တောင် ပိုအေးချမ်းသွားအုံးမယ်...ဘာလို့လဲဆိုတော့ လောင်းကစားသမားတွေ အရက်သမားတွေလည်း သူတို့ခေါင်းဆောင်ကြီးမရှိတော့ဘူးဆိုတော့ အရင်ကလို သိပ်များများစားစားမလုပ်ဖြစ်ကြတော့ဘူးပေါ့...သူတို့ခေါင်းဆောင်ကြီးကို နယ်မြေအပိုင်စားပေးတယ်ဆိုတော့ အကျေနပ်ကြီးကျေနပ်နေကြပုံပဲဗျ..အဲ့တော့မှ နန်းဆောင်တွေဘာတွေဆောက်ပြီး ပုံမှန်အရက်သွားသွားတိုက်ကြမှာပေါ့...နောက်တော့ တဖြည်းဖြည်းခေတ်တွေက ပြောင်းလာတော့နတ်ဖြစ်သွားပေါ့ဗျာ..အမှန်တော့ သူတို့ထက်ခေါင်းကောင်းတဲ့ ဘုရင်က သူတို့ကိုလှည့်လိုက်တာမသိကြဘူး...အရက်သောက် ကြက်တိုက် လောင်းကစားလိုက်စားတဲ့သူကို နန်းဆောင်တွေဘာတွေဆောက် အဆောင်အယောင် အပြင်အဆင်တွေချယ်သပြီး ပွဲလမ်းသဘင်တွေပါလုပ်ပြီး လုပ်စားနေကြတဲ့သူတွေအများကြီးပဲဗျ...အမှန်တော့ သရဏံဂုဏ် မြဲဖို့သာအဓိကပါဗျာ...ကဲ ကိုကြီးကျော်တော့ ဒီလောက်နဲ့ပဲ အိုကေလိုက်ရအောင်ဗျာ...
ကျွန်တော့်အမြင်သက်သက်ဖြင့်သာ ရေးသားခြင်းဖြစ်ပါသဖြင့် အမှားများစွာပါနိုင်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှမရည်ရွယ်ပါ...
ရတနာသုံးပါးဦးထိပ်ထားလျှက်...ကျွန်တော်သိသော မသိသော....
တရားတော်နောက်ဆုံးအပိုင်း(ရုပ်သံ)
တရားတော်နောက်ဆုံးပိုင်းပါ....
တရားတော်အပိုင်း(၂၃)(ရုပ်သံ)
တရားတော်အပိုင်း(၂၃)ပါ...
Saturday, April 6, 2013
သင်္ကြန်အခါ ကုသိုလ်ယူတာ...
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPxO_qYYRYoxWtdDSVhP_4kcnWXRjH5D3Z0NprSvamncgGu1Beqvvkmc9QI8TRzd_I2IArAozgBGmyU5x294VNQFqQr5QgGRJyS4dlLzbdbj47QzRbQjUt_HEUdqGDWcXHsqQLzZlayYL/s1600/577571_250451171720445_148663918565838_478626_1601669043_n.jpg
သင်္ကြန်အခါ ရောက်ပြီဆိုလျှင် လူတို့သည် လုပ်ငန်းဆောင်တာ ကိစ္စအတော်များများ ရပ်ဆိုင်းထားကြသည်။ အချို့လူများကလည်း အားလပ်ရက်အခွင့်သာတုန်း  ကုသိုလ်ရအောင် ဆိုကာ ဒုလ္လဘရဟန်း ၀တ်ကြသည်။ ပဗ္ဗဇိတဘာဝ ဒုလ္လဘ-ရဟန်းဘ၀ ရခဲသည်ဖြစ်၍ ကြိုးစားရယူကြခြင်း ဖြစ်ပါသည်။
ငမူးများကလည်း ဒုလ္လဘရဟန်း ၀တ်တတ်ကြပါသေးသည်။ ငမူး၏မိဘဆွေမျိုးများက မိမိတို့၏ တူ-သား ငမူးများး သင်္ကြန်အတွင်း သောက်စားပျော်ပါးပြီး ရန်ဖြစ်ကြသည်မျိုး၊ ကားတိုက်မှုဖြစ်သည်မျိုး၊ ရုံးရောက် ဂတ်ရောက်ဖြစ်သည်မျိုး ကြုံရမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ဒုလ္လဘရဟန်းဝတ်ဖြစ်အောင် အစွမ်းကုန် တိုက်တွန်းကြသည်။
ဒုလ္လဘရဟန်း ဆိုသည်မှာ ဘာမှန်းမသိ။ ဘုန်းကြီးကျောင်းရောက်သွားလျှင် အေးပြီဟု သဘောထားကြ သည်။ ဒုလ္လဘရဟန်း ပြုသည်ကတော့ ၀ိနည်းစည်းကမ်းနားလည်သော ဆရာတော်ကြီးများ၊ ရဟန်းတော်များ ရှေ့မှောက်တွင် ပြုလုပ်ခြင်းဖြစ်၍ အပြစ်ကင်းနိုင် ပါသည်။ သို့သော် ဒုလ္လဘရဟန်းဖြစ်ပြီးနောက် ဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာတို့နှင့် ကင်းကွာနေထိုင်မှုကြောင့် အပြစ်များသင့်ရောက်ကြပေတော့သည်။
မိဘဆွေမျိုးများသည် မိမိတို့၏တူသားများ ငြိမ်ငြိမ်နေစေရန် ဒုလ္လဘရဟန်း ၀တ်ခိုင်းသော်လည်း မိမိတို့ ကိုယ်တိုင်ကမူ ငြိမ်ငြိမ်မနေနိုင်ကြ။ တူသားများနှင့် ကင်းကင်းရှင်းရှင်း မနေနိုင်ကြ။ အအေးလာပို့သလိုလို၊ ဆွမ်းခဲဖွယ် လာပို့သလိုလိုဖြင့် ဘုန်းကြီးကျောင်းထဲမှာ သားတွေ၊ သမီးတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေ တရုန်းရုန်း။
တချို့ ဒုလ္လဘ ရဟန်းများကလည်း `အိမ်က ဘာကပ်ချင်လို့ပါ။ ညာကပ်ချင်လို့ပါ` ဟု အကြောင်းပြကာ အရပ်ထဲမှာ သင်္ကန်းကြီး ကိုးရိုးကားရား ဆေးလိပ်ကြီး တကားကားဖြင့် အလွန်အကြည့်ရဆိုးလှသည်။
မနက်ဆွမ်းကို ဘာမှဖန်တီးမပေးသော ဆွမ်းခံမထွက်ရသော ကျောင်းများမှ ဒုလ္လဘများမှာ လက်ဖက်ရည်ဆိုင်တွင် ခါချဉ်အုံ တုတ်ဖြင့်ထိုးထားသလို ရှုပ်ယှက်ခတ်နေတတ်သည်။ တတ်နိုင်၍ သင်္ကန်းဝယ်လာပြီးဝတ်သော ဒုလ္လဘရဟန်းများ၏ သင်္ကန်းက အသစ်မို့ အရောင်အဆင်း ပါသေးသည်။ ဘုန်းကြီးကျောင်းက သင်္ကန်းငှား၍ ၀တ်သော ဒုလ္လဘရဟန်းများမှာ သင်္ကန်းက အရောင်းအဆင်း မရှိ၊ လူက မွဲခြောက်ခြောက်၊ ကာယိနြေ္ဒက ကိုးရိုးကိုးရား ကြည်ညိုဖွယ်ရာအသွင် ပျောက်နေတော့သည်။
တချို့ကျောင်းများသည် သင်္ကန်းအဟောင်းတွေစုထားသည်။ သင်္ကြန်အတွင်း ဒုလ္လဘရဟန်း ၀တ်ကြသောအခါ ရဟန်းတစ်ပါးလျှင် ၀တ္ထုငွေမည်ရွှေ့မည်မျှ စသည်ဖြင့်ယူကာ သင်္ကန်းအဟောင်းကို ၀တ်ပေးသည်။ ရဟန်း ၀တ်ချင်သူများကို ပါရမီဖြည့်ချီးမြှောက်သလိုလို ဖြင့် အကြံအမျိုးမျိုးထုတ် စီမံလျက်ခါတော်မီ ဈေးကွက်ဖွင့်ကြသည်။
ဆွမ်းကွမ်းကိစ္စလည်း စီမံပေးမှု မရှိ၊ ပုတီးစိပ်ခိုင်းခြင်း၊ တရားထိုင်ခိုင်းခြင်း၊ တရားဓမ္မ ဟောပြောပြသပေးခြင်း လည်းမရှိကြပေ။ ညနေ ဘုရားဝတ် မတက်ရသောကျောင်းပင် ရှိတတ်သေးသည်။
စည်းကမ်းတကျ ပြောဆိုထိန်းသိမ်းမှုမရှိသောအခါ ဒုလ္လဘရဟန်းများမှာ နေ့ရောညပါ မြို့ထဲရွာထဲ သွားလာနေကြသည်။ ဒကာ ဒကာမ ကြည်ညိုအောင် မနေတတ် မထိုင်တတ်ကြပေ။ ဥပဇ္ဈာယ်ဆရာ၊ နိဿရည်း ဆရာအချို့ကလည်း သွန်သင်ပြသမှုမရှိဘဲ ကြောင့်ကြမဲ့ နေတော်မူကြသည်။
ဒုလ္လဘရဟန်း ၀တ်သူအချို့သည် ကုသိုလ်လိုချင်၍ အလုပ်အားသခိုက် ရဟန်းဝတ်ကြသည် ဆိုသော်လည်း အပြောနှင့်အလုပ် မညီတတ်ကြပေ။ အကုသိုလ်လာယူသလိုပင် ဖြစ်နေတတ် ကြပါသည်။ ကျောင်းဘုန်းကြီးက တရားထိုင်၊ ပုတီးစိပ်၊ တရားနာ စသည်ကို စီမံမပေးလျှင်ပင် မိမိတို့အသိစိတ်ဖြင့် ပြုလုပ်သင့်ပေသည်။ သို့သော် ထိုသို့ကား မပြုကြ။ ၀ိုင်းဖွဲ့စကားပြောကြသည်။ အလုပ်ကိစ္စအကြောင်း ပြောကြ ဆိုကြ ဆွေးနွေးကြ နှီးနှောတိုင် ပင်ကြသည်။ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့ကြသည်။ ယခုမှပင် သူငယ်ချင်းများ၊ မိတ်ဆွေများ စုံစုံညီညီ ဆုံကြသည်ဟု သဘောထားကာ ကြည်နူးမဆုံးဖြစ်ကြသည်။ စကားတပြောပြော ဟောက်သံ တခေါခေါဖြင့် အချိန်ကုန်သွားတတ်ကြသည်။
သာသနာ့ဘောင်သို့ ၀င်ရောက်ပြီ ဆိုသည်နှင့် မိမိတို့၏ဆွေမျိုး၊ မိဘ၊ မိတ်သင်္ဂဟတို့သည် သာသနာကို ထောက်ပံ့လှူဒါန်းကြသော ဒကာ ဒကာမများ ဖြစ်ကုန်ကြသည်။ ဒကာ ဒကာမတို့ လှူဒါန်းကြသော ဆွမ်းသင်္ကန်း စသည်ကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲစားလျှင် အကြွေးယြူခင်းနှင့်တူကုန်၏။ ဒုလ္လဘရဟန်းအချို့သည် ပစ္စဝေက္ခဏာလည်း မဆင်ခြင်တတ်ကြပေ။  ဆင်ခြင်တတ်အောင်လည်း ဆရာ သမားအချို့က သင်မပေးကြ။ ``ခဏပဲဝတ်တာပါ`` ဟု ခပ်ပေါ့ပေါ့  သဘောထားလိုက် ကြသည်။
ဘုန်းကြီးကျောင်းအတွင်းရှိ ပစ္စည်းပစ္စယအားလုံးနီးပါးသည် သံဃိကပစ္စည်းများ ဖြစ်ကြသည်။ ထိုပစ္စည်းများကို မဆင်မခြင် သုံးမိပါက အပြစ်ရှိပါသည်။ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားသောက်နေထိုင်ခဲ့ကြသော ရဟန်းတော်များ ဂိဇ္ဈကုတ်တောင်နံပါးတွင် ပြိတ္တာဖြစ်နေ ကြကြောင်း ဘုရားဟောတရားတော်လည်း အထင်အရှား ရှိပါသည်။ ``သံဃာ့ပစ္စည်း၊ အဆိပ်သီး၊ သုံးနည်းအလွန်ခက်`` ဆိုသလို ဒုလ္လဘရဟန်းဝတ်ခိုက် မနေတတ် မထိုင်တတ်လျှင် အလွန် အပြစ်ကြီးလှပါသည်။
စာရေးသူ၏ မိတ်ဆွေဒကာတစ်ယောက်က ပြောဖူးသည်။ ``တပည့်တော်က ဘုန်းကြီးကျောင်းက လုပ်စရာရှိတာ တတ်နိုင်သလောက် လုပ်ပေးချင်ပါတယ်၊ အစား အသောက် အသုံးအဆောင်ဆိုရင် ဘာမှ မစားချင် မယူချင်ဘူး။ ဖြစ်နိုင်ရင် ရေတောင် မသောက်ချင်ပါဘူး။
ဘုန်းကြီးကျောင်းက ပစ္စည်းဆိုတာ ရဟန်းသံဃာတွေတောင် အပြစ်မဖြစ်အောင် ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သုံးဆောင်ရတာ၊ သံဃာ့ပစ္စည်းဆိုတာ မသုံးတ်ရင် အလွန်အပြစ် ကြီးလို့ တပည့်တော်တို့က ကြောက်တယ်ဘုရား`` ဟု လျှောက်ထားဖူးသည်။
ကျောင်း၏ ဝေယျာဝစ္စ လုပ်ပေးသူ၊ သံဃာ့ဝေယျာဝစ္စ လုပ်ပေးသူများသည် ကျောင်းကပစ္စည်း ကို သုံးစွဲကောင်းပါကြောင်း ရှင်းပြရပါသည်။
ဒုလ္လရဟန်းဝတ်သည့်အခိုက် ရဟန်းတရားကို ကြိုးစားအားမထုတ်နိုင်လျှင် ဒုလ္လဘရဟန်း ၀တ်ခြင်းထက် မ၀တ်ခြင်းကသာ ပိုကောင်းသည်ဟု ဆိုချင်ပါသည်။
အမှန်တကယ် ကုသိုလ်လိုချင်၍ ဒုလ္လဘရဟန်းဝတ်သည်ဆိုပါလျှင် စည်းကမ်းတကျ နေထိုင်ရသော ကျောင်း၌၀တ်သင့်ပါသည်။
တချို့သောသူများသည် မည်ကဲ့သို့သော ရည်ရွယ်ချက်မျိုးဖြင့် ဒုလ္လဘရဟန်း ၀တ်ကြပါသနည်း ..။ စဉ်းစားဖွယ်ရှိပါသည်။
ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်ပါသည်။ ဆရာတော်ကြီးထံ ဒုလ္လဘရဟန်းဝတ်ချင်သည်ဟု လာရောက်လျှောက်ထား သူများအား ဆရာတော်ကြီးက -
``ဒုလ္လဘရဟန်းဆိုတာ ၀ိနည်းစည်းကမ်းနားမလည်ကြဘူး။ ခဏသာဝတ်ခြင်းဖြစ်တဲ့အတွက် အမြန်သင်ဖို့လဲ မလွယ်လှဘူး။ ဒုလ္လဘရဟန်းဆိုတာ ဥပဇ္ဈာယ်ဆရာနဲ့ကင်းပြီး နေလို့မသင့် ဘူး။ ဒါကြောင့် ဒုလ္လဘရဟန်းဝတ်ချင်ရင် ဘုန်းကြီးမျက်စိအောက်မှာ ဘုန်းကြီးနဲ့အတူ နေရမယ်။ ဘုန်းကြီး  အိပ်ရာထတဲ့အချိန် ထရမယ်။ ဘုန်းကြီးခိုင်းတဲ့အတိုင်း နေထိုင်ရမယ်။ အဲဒီလိုနေနိုင်မယ်ဆိုရင် ဒုလ္လဘရဟန်းအတွက် သင်္ကန်းပရိက္ခရာ ဘုန်းကြီးကိုယ်တိုင် ဒကာခံပြီး ၀တ်ပေးပါ့မယ်။ လာခဲ့ပါ`` ဟု မိန့်ကြားပါသည်။
ဆရာတော်ကြီး၏ မိန့်ကြားချက်ကို ကြားသိရသောအခါ ဒုလ္လဘရဟန်း ၀တ်ချင်သည် ဆိုသူများမှာ ဆရာတော်ကြီးထံသို့ ပေါ်မလာတော့ပေ။ တစ်ရာမှာ တစ်ယောက်ပင် မရှိသလောက်ဖြစ်သွားပါသည်။
ထိုသူတို့ကား မိမိတို့အတွက် သံသရာလမ်းကောင်းကို အမှန်တကယ် ညွှန်ပြပေးသော ကျောင်းများ၊ ဆရာတော်များထံ၌ မ၀တ်ရဲကြ၊ မ၀တ်ချင်ကြပေ။ အမှန်အားဖြင့် ဒုလ္လဘရဟန်းဝတ်၍ မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ နေမည်ဆိုပါက အလွန်အကျိုးများ ကြောင်း တွေ့ရပါသည်။
ဝိပဿီမြတ်စွာဘုရားလက်ထက် သတ္တာဟပဗ္ဗိဇိတလောင်းသည် ဆွေမျိုးတို့၏ ပျက်စီးခြင်းစည်းစိတ် ဥစ္စာ၏ ပျက်စီးခြင်းနှင့် ကြုံခဲ့လေ၏။
ထိုပျက်စီးမှုများ ပြေပျောက်စေရန် စိတ်ချမ်းသာစေရန် ဒုလ္လဘရဟန်း ၀တ်ခဲ့ပါသည်။ မြတ်စွာဘုရားအဆုံးအမအတိုင်း ဒါနသီလ ဘာဝနာအကျင့်များကို ကျင့်သုံးလျက် ဒုလ္လဘရဟန်း ဘ၀၌ ခုနှစ်ရက်မွေ့လျှော်ခဲ့၏။
ထိုကုသိုလ်ကောင်းမှုကြောင့် ဤကမ္ဘာမှပြန်၍ရေသော် ၉၁-ကမ္ဘာအတွင်း၌ အပါယ်လေးဘုံသို့ တစ်ခါမျှ မကျရောက်ခဲ့ပေ။ ဤကမ္ဘာမှပြန်၍ရေသော်  ၆၇ ကမ္ဘာမြောက်၌ သုနိက္ခမ (တောထွက်စကြာမင်း)ဟု ထင်ရှားသော တစ်ကမ္ဘာလုံးကို အစိုးရသည့် စကြာဝတေးမင်းကြီး ၇-ကြိမ်ဖြစ်ခဲ့ပါသည်။
ဂေါတမဘုရားလက်ထက် ရောက်သောအခါ ပဋိသမ္ဘိဒါဥာဏ် ၄-ပါး၊ ၀ိမောက္ခဈာန် ၈-ပါ။၊ အဘိညာဉ် ၆-ပါးတို့နှင့် ပြည့်စုံသော ရဟန္တာဖြစ်လာရလေသည်။ ဤသည်ကား ၇-ရက် ဒုလ္လဘရဟန်းဝတ်၍ ရဟန်းတရားနှင့်အညီ နေထိုင်ခဲ့သော သတ္တာဟပဗ္ဗဇ္ဇိတ မထရ်၏ အကျိုးဖြစ်ပါသည်။ (ဟပါဒါန်-ပါ-ပအုပ် ၂၇၃။)
ထို့ကြောင့် ဒုလ္လဘရဟန်းဝတ်ကြသည့်အခိုက် မိမိအတွက် ကုသိုလ်မျိုးစေ့ပွားအောင် ကြိုးစားနိုင်ကြဖို့ ကောင်းလှပေစွတကား။
                                              အရှင်ဇဋိလ (နတ်မောက်)
                                                   ၂၃.၁၂.၂၀၀၆
                                                   ၂၀၀၇၊ဇွန်လ၊
                                                 ဓမ္မရတနာမဂ္ဂဇင်း
Buddhism Beams (Myanmar)မှကူးယူဖေါ်ပြပါသည်။
ဘ၀လမ်းခွဲတရားတော်(၂၀)
တရားတော်အပိုင်း(၂၀)...
ဘ၀လမ်းခွဲတရားတော်(၁၉)
တရားတော်အပိုင်း(၁၉)ပါ..
ရက်ရာဇာဆိုတာ....
ကဲ...ဘယ်လိုလဲရက်ရာဇာ...
ရက္ရာဇာ ဟူေhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF0JGCGFGQM9_NyrZH5lsVoIC24hX1G4ihE_AU5NACeoTnb4dwYBB9B6dVHWF6HU9BdxQAv8XzbOykCO66MRocqmHb2VohOW1Dl0quur4NjDcEHRNid0ItZCsB9R0VoqhUt1IScKiPUg/s1600/561926_175297882604958_499169736_n.jpg 
သာ အယူမှားနှင့်စပ်လျဉ်း၍ ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ က အောက်ပါအတိုင်း ရှင်လင်းပြတ်သားစွာ ဆုံးမတော်မှုခဲ့ပါ၏။ ...
"ရက်ရာဇာနေ့ မှာ ငရုတ်သီးစားရင် မစပ်ဘူးလား"
"စပ်ပါတယ် ဘုရား"
"ရက်ရာဇာနေ့ မှာလုပ်သော အကုသိုလ်သည် မကောင်းကျိုးကို မပေးဘဲ နေပေါ့မလား"
"မနေပါ ဘုရား"
"ကံမကောင်းသောသူသည် ရက်ရာဇာနေ့ မှာ အိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား"
"မချမ်းသာပါ ဘုရား"
"မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ"
"၁၀၀ ရှိပါတယ် ဘုရား"
"၎င်းအိမ်ခြေ ၁၀၀ မှာ ရက်မရွေးဘဲဆောက်တဲ့အိမ် ပါရဲ့လား"
"မပါပါ ဘုရား"
"ရက်ရွေးပြီးဆောက်တဲ့ အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေချည်း ပဲလား"
"မွဲသောအိမ်တွေသာ များပါတယ် ဘုရား"
"ဒီလိဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်သလား"
"မပေးနိုင်ပါ ဘုရား"
"ရက်မရွေးဘဲ မင်္ဂလာဆောင်တဲ့ လင်မယားရှိရဲ့လား"
"မရှိပါ ဘုရား"
"လင်မယားတိုင်း မကွဲမကွာနှင့်" ချမ်းသာတာချည်းပဲလား"
"မဟုတ်ပါ ဘုရား"
"ရက်ကောင်းတွေကို အားကိုးရတာ အလကားပေါ့"
"အလကားပါ ဘုရား"
"ကုသိုလ်ကို အားကိုးမှ ဗုဒ္ဓဘာသာကွယ့် မောင်စိန်ရဲ့"
...............................................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၁၈၄) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Buddhism Beams(Myanmar)မှကူးယူဖေါ်ပြသည်။
ရဟန္တာ...
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZHCJmgd8svXLV_enkQuZVAbZuIsr_4l6gQY7ghNLDnU_XptNJeyhMjnG82vpW79j8e933ZTli-31vsK55yArRfM3MR-DU59fUCMcSRvN9kXY45AHIZF6s8IjshfA46Rb7UBXYE-e-Q/s1600/Screen-shot-2010-01-13-at-1.08.05-AM.pngဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းသို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်းလည်းကောင်းကင်မှာမပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏ ။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။
ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ' ဒေဝဒတ်ရဟန်း' သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော ဈာန်အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသသဖြင့် ဈာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။
ဈာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ ဈာန်အဘိညာဉ်မရသော 'သုက္ခဝိပဿကရဟန္တာ' များကာ ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည်မတူပေ။ ဈာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာတောင့်တင်းခိုင်မာဖို့လည်း လိုအပ်၏ ။
Buddhism Beams (Myanmar) မှကူးယူဖေါ်ပြပါသည်။
ဘ၀လမ်းခွဲတရားတော်(၁၉)
တရားတော်အပိုင်း(၁၉)ပါ...
ဘ၀လမ်းခွဲတရားတော်(၁၈)
တရားတော်အပိုင်း(၁၈)...
ဘ၀လမ်းခွဲတရားတော်(၁၇)
တရားတော်အပိုင်း(၁၇)...
ဘ၀လမ်းခွဲတရားတော်(၁၆)
တရားတော်အပိုင်း(၁၆)...
ဘ၀လမ်းခွဲတရားတော်(၁၅)
တရားတော်အပိုင်း(၁၅)ပါ...