Wednesday, May 29, 2013

အသိသတိ...

အသိသတိမှ ကူးယူဖေါ်ပြချက်...

မြန်မာလူမျိုးတချို့ ပြောနေကျ စကားတစ်ခုရှိတယ်။
မဖြစ်နိုင်တာ ဘာမှမရှိဘူး။
မဖြစ်သေးတာပဲ ရှိတယ် ဆိုတဲ့စကားပဲ။
မခံချင်တဲ့ စိတ်နဲ့ပဲ ပြောပြော.. အထင်သေးခံရမှာစိုးလို့ပဲ ပြောပြော..
ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ပြောပြော.. ဘာအယူအဆနဲ့ပဲ ပြောပြော..
မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတဲ့ စကားအဓိပ္ပါယ်ထဲမှာ ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်တယ်
ဆိုတဲ့ အဖြေပါနေတယ် ဆိုတော့…

လုပ်ကြည့်ချင်တဲ့စိတ်နဲ့ လက်တွေ့လုပ်ကြည့်ပါလား?
မလုပ်ကြည့်သေးလို့ ခက်နေတာ ဖြစ်မယ်။
မဖြစ်သေးတာပဲ ရှိတယ်ဆိုတဲ့ စကားအဓိပ္ပါယ်ထဲမှာလည်း ဖြစ်အောင်လုပ်ကြည့်တဲ့
နေရာမှာ လုပ်နည်းစနစ်မှားနေလို့၊
မပြည့်စုံလို့၊ လုပ်သလို မဖြစ်သေးတာကို
စိတ်ပျက်ပြီး မလုပ်တာ ခက်နေတာလား?
လုပ်နေရင်းနဲ့ အာရုံစိုက်ရတာတွေ များလွန်းလို့ စိတ်ပင်ပန်းသွားပြီး မဖြစ်သေးတာကို
သည်းမခံနိုင်တော့ပဲ စိတ်ဝင်စားမှု လျော့ကျသွားတာတွေကြောင့်
မလုပ်တာ ခက်နေတာလား?
သူတစ်ပါးအကျိုးကို လိုလားတယ်ဆိုတဲ့ မေတ္တာစိတ်သဘောရဲ့ တန်ဖိုးကို သိပေမယ့်
ပြိုင်ဘက်ရန်သူ ဖြစ်နေလို့ မေတ္တာထားခြင်းစိတ်ကို သိသိကြီးနဲ့ မလုပ်တာ
ခက်နေတာလား?
သူတစ်ပါး ချမ်းသာတာကို ၀မ်းမြောက်ပေးတဲ့ မုဒိတာစိတ်ရဲ့ မြင့်မြတ်မှုကို သိပေမယ့်
ပြိုင်ဘက်ရန်သူ အပေါ်ထားဖို့ မလုပ်တာ ခက်နေတာလား?
လိုချင်တပ်မက်တဲ့ စိတ်ကြီးက နှစ်ပေါင်းများစွာ ငြိတွယ်စွဲလမ်းခဲ့တာ ကြာသွားလို့
သိသိကြီးနဲ့ ခွာချဖို့ကျတော့ မလုပ်တာ ခက်နေတာလား?


အယူမှားနဲ့လူ...

အယူမှားပြီးသေလွန်သော်...

ကျွန်ုပ်တို့ဗုဒ္ဓဘာသာသည် တုနှိုင်းမရသော ဘုရားအမြတ်ဆုံးရတနာ...တရားအမြတ်ဆုံးရတနာ...သံဃာအမြတ်ဆုံးရတနာ တည်းဟူသောရတနာမြတ်သုံးပါးအား အမြဲအစဉ် ဦးထိပ်ပန်ဆင်ကာ ငါးပါးသောသီလဂုဏ်တို့အား အပျက်မခံဘဲ သရဏံဂုဏ်ဆောက်တည်ခြင်းသာလျှင် အမြတ်ဆုံးအလုပ်ဖြစ်ပါသည်။
ထိုသို့မဟုတ်ပါဘဲ သရဏံဂုဏ်ပျက်စေမည့် ဟိုနတ်ကိုကုန်းရှိခိုး...ဒီနတ်ကိုအော်ပြီးတိုင်တည်...သူ့အကြောင်းမဟုတ်တာပြော...သီလဂုဏ်ကိုမဆောင့်ထိန်း အယူတိန်းမှား နေသူများလည်းအလွန်ပင်ပေါများနေပါသေးသည်။
သီလဂုဏ်...သမာဓိဂုဏ်တို့နှင့်ပြည့်စုံတော်မူသော ဘုရားသားတော် ဗုဒ္ဓရဟန်းသံဃာတော်တို့အားလည်း မလေးစားတတ်သောလူငယ် လူရွယ်များလည်းများစွာရှိနေပါသေးသည်။
ဟိုနတ်တိုင်တည် ဒီနတ်ရှိခိုးခြင်းများသည် ယခုပစ္စုပ္ပန်တွင်လည်း အမှန်တကယ်ကောင်းကျိုးပေးခြင်းမဖြစ်နိုင်ပါ...မိမိ နောက်နောက်ကပြုခဲ့သော ဒါနဂုဏ်...သီလဂုဏ်...သမာဓိဂုဏ်တို့ကြောင့်သာကောင်းကျိုးလိုအင်များပြည့်ဝနေခြင်းဟုထင်ပါသည်...
ထိုသို့သောသရဏံဂုဏ်ပျက်သူတို့သေလွန်ပြီးသောအခါ အပါယ်ဘုံများဖြစ်ကြသော ငရဲ...တိရိစ္ဆာန်...ပြိတ္တာ...အသူရကယ်ဘုံတို့တွင်သာ ကျခံရနိုင်ပါသည်။ထိုသူတို့တွင်သုဂတိဘုံ သို့ရောက်ရန်မှာ မဖြစ်နိုင်ပါ...
သို့ပါသောကြောင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ခင်ဗျား...အယူမှားပြီး သေလွန်သူမဖြစ်ရလေအောင် ရတနာသုံးပါး အစဉ်အမြဲ ဦးထိပ်ပန်နိုင်တဲ့ သူများဖြစ်ကြပါစေခင်ဗျာ....

Tuesday, May 28, 2013

မရောင်ရာဆီလူးခြင်း...



 

မရောင်ရာဆီလူးကြသူများ...အပါယ်ငရဲလားမည်သာ

သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿဂါထာရွတ်ဆိုမှု၊ သူရဿသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။
ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင်
လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေတောတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။

"သူရဿတီဟူသည်မှာ အိန္ဒိယမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တစ်ခု၏ နာမည်ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူအာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တစ်ပါးအနေဖြင့် ကိုးကွယ်လာကြကြောင်း၊ က္ကတ္တိလိင် (သဒ္ဒါ)၊ မြစ်နဒီမှ နတ်သမီးဖြစ်လာကာ သူရဿတီမြစ်သည် သူရဿတီနတ်သမီး မဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ဇနီး နတ်ဘုရားမတစ်ပါးဖြစ်လာပြီး ဝါစာ=စကားကို အစိုးရသည်၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ ပညာတို့ကို ပေးစွမ်းနိုင်သည်ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မာဏဝါဒီတို့က ပိုမိုကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။

ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မာဏဝါဒီတို့ဆိုင်ရာ နတ်သာ ဖြစ်သည်။ ဗြဟ္မာဏတို့၏ တန္တရ၊ မန္တရတို့ကိုလက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာသည်။ နီပေါပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့်အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကို ကိုးကွယ်မှုပြုခဲ့ကြောင်း သိရသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်သုံးပုံစောင့်မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။ သက္ကတ အလင်္ကာကျမ်းကို အမှီပြု၍ သီဟို၌ကျွန်း၊ အရှင်မဟာသံဃရက္ခိမထေရ်သည် သုဗောဓာ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင်သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမပြုသကဲ့သို့ "သရဏံ ပါဏိနံ ဝါဏီ မယှံပိဏယတံမနံ" ဟုဘုရားစကားတော် ပိဋကတ်တော်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေဟု တင်စားသုံးလိုက်သည်။ ထိုစကားအမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒဗုဒ္ဓဘာသာနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့်နတ်သား၊ နတ်သမီး၊ နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော်၊ သံဃာတော်များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို။ သူရဿတီဂါသာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှိပါ။"

......................................................

the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၅၈) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Buddhism Beams(Myanmar)မှကူးယူဖေါ်ပြပါသည်။...

Sunday, May 19, 2013

အမေကျော်...ဒွေးတော်လွမ်းသူများ...

အမေကျော်...ဒွေးတော်လွမ်းသူများ...

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမှာ...ရတနာသုံးပါးအပြင် တခြားနတ်လိုလို ဓာတ်လိုလို တွေလည်း အများ
ကြီးရှိပါသေးတယ်...သူတို့တွေကိုပုတ်ခတ်စော်ကားခြင်းမဟုတ်ပါ...မှားသည်မှန်သည်ကိုမပိုင်းခြားလိုပါ...
အယူလွဲပြီး တမလွန်ရောက်သွားခဲ့ပါက သုဂတိဘုံသို့မရောက်နိုင်ပါ...ယုံကြည်မှုလွဲမှားခြင်းကြောင့် အယူလွဲပြီးအပါယ်သို့ကျရောက်နိုင်ပါသည်...အမှန်စင်စစ်မှာနတ်များကို ကိုယ်းကွယ်ရန်မလိုပါ...ပူဇော်ရန်
ပသရန်မလိုပါ...သူတို့ဘာသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ဘာသာမသိသလိုသာနေသင့်ပါသည်
လက်ရှိယုံကြည်ကိုယ်းကွယ်နေကြသောလူများအားလည်း မပုတ်ခတ်လိုပါ...အဘယ့်ကြောင့်ဆိုသော် သူ
တို့သည်ကျွန်ုပ်တို့လူသားတွေကို ဘာမှလုပ်ပေးနိုင်စွမ်းမရှိပါဟုယုံကြည်ပါသည်...လူသားတို့ကောင်းကျိုး
ဆိုးကျိုးအတွက် ညွှန်ကြားပြသပေးခဲ့သော နည်းလမ်းကောင်းများထားရှိခဲ့ခြင်းလည်းမရှိပါ...ဥပမာပြောရ
လျှင် ကိုကြီးကျော်ဆိုပါစို့ သူသည်လူသားအကျိုးပြုဘာလုပ်ခဲ့ဘူးပါသလဲ...တမလွန်ရောက်သွားတဲ့အခါမှာ
ရောသူက လူသားအကျိုးပြု လမ်းစဉ်များထားရှိခဲ့ခြင်းလည်းမရှိခဲ့ပါ...မနှဲလေး ဆိုလျှင်လည်းထိုနည်းတူပါပဲ
ဘာတွေစွမ်းဆောင်နိုင်ခဲ့လို့လဲ...သူတို့ကို အမွှေးတိုင်တွေထွန်း လေးဘက်ကုန်းဖင်ဘူးတောင်ထောင်ကန်
တော့နေမယ်အစား...မိမိကိုမွေးထုတ်ပေးခဲ့သောမိဘများ...အတတ်ပညာသင်ကြားပေးခဲ့သော ဆရာများ..
နဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အမြင့်မြတ်ဆုံးသောကျေဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းတို့လိုပုဂ္ဂိုလ် မျိုးတွေကို
တစ်နေ့တစ်ကြိမ်လောက်ပဲ ရင်ထဲကအသိနဲ့ကန်တော့နေမယ်ဆိုရင်တောင် များစွာသောကုသိုလ်တရား
များနဲ့ကောင်းခြင်းမင်္ဂလာများ တိုပွားလာနိုင်ပါတယ်လို့ ထင်မြင်ယူဆမိပါတယ်ခင်ဗျာ...
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ပုတ်ခတ်ခြင်းမဟုတ်ပါ...အယူမှားနဲ့အပါယ်လားမည့်အရေး......
မဖြစ်စေလိုသောရည်ရွယ်ချက် သက်သက်ဖြင့်သာ ရေးသားဖေါ်ပြခြင်းဖြစ်ပါသည်....

Friday, May 17, 2013

သုံးပါးသရဏဂုံ...

ဗုဒ္ဓံပူဇေမိ၊ဓမ္မံပူဇေမိ၊သံဃံပူဇေမိ....

သရဏံဂုဏ်သုံးပါး ဦးထိပ်မထားနိုင်ဘဲ...သရဏံဂုဏ်ပျက်နေသူများသည်...သုဂတိဘုံသို့ရောက်ရန် ရရန်...မဖြစ်နိုင်ပါ...ဘုရားအမြတ်ဆုံးရတနာ...တရားအမြတ်ဆုံးရတနာ...သံဃာအမြတ်ဆုံးရတနာ
သုံးပါးသောရတနာသည်သာ ကိုယ်းကွယ်ရာအမှန်ဖြစ်ပါသည်။
အန္တရာယ်ကင်းအောင် ဟိုနတ်တိုင်တည်...စီးပွားတက်အောင်ဒီနတ်တိုင်တည်...လုပ်နေခြင်းသည် သုဂတိဘုံနှင့် အလှမ်းဝေးလွန်းလှပါသည်။ လာတ်လာဘ ကောင်းမွန်အောင် ဟိုဘိုးတော်ရဲ့အဆောင်ကို
ဆောင်...မျက်နှာပွင့်အောင်ဒီဘိုးတော်ရဲ့အဆောင်ကိုဆောင် လုပ်နေခြင်းဟာလည်း သုဂတိဘုံနှင့် လားလားမှမသက်ဆိုင်ပါ...အဆောင်အယောင်တောက်တောက်ပြောင်ပြောင်နဲ့ ဟိုနတ်ကိုပူဇော် ဒီနတ်ကိုပူဇော် နတ်ကတော်များသည်လည်း သုဂတိဘုံတွင် သူတို့အတွက် နေရာမရှိနိုင်ပါ... သို့ပါသောကြောင့် သေလွန်ပြီးသည့်နောက် သံသရာဝတ်ဆင်းရဲအတွင်းမှ လွတ်မြောက်ပါရခြင်းငှာ ရတနာမြတ်သုံးပါးသာ ကိုယ်းကွယ်ရာပါ.......