အယူလွဲ ငရဲလား
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိသံသရာမှလွတ်မြောက်ရာအမှန် ကိုယ်းကွယ်ရန်မှာ သရဏံဂုံသုံးပါးသာဖြစ်ပါသည်။
တစ်ချို့သောမိသားစုများနှင့် တစ်ချို့သော လူတို့သည် သရဏံဂုံပျက်စေမည့် အလုပ်များကို
အားကျိုးမာန်တက် လုပ်ကိုင်နေတတ်ကြပါသည်။ ယင်းအလုပ်များမှာ မပူဇော်ထိုက်သူတို့ကိုပူဇော်ခြင်း
မကိုယ်းကွယ်သင့်သည်တို့ကို ကိုယ်းကွယ်ခြင်း၊ မဆည်းပူးသင့်သည်တို့ကိုဆည်းပူးခြင်းတို့ကြောင့်ဖြစ်ပါ
သည်။ဥပမာ နတ်များကိုအလွန်အကျွံကိုယ်းကွယ်ယုံကြည်ကြခြင်း ထိုသို့သောသူများသည် အယူလွဲခြင်း
ဖြစ်ပါသည်။တစ်ချို့ရှိပါသေးသည် ၀ါဝင် ၀ါထွက် နတ်တင်ရတယ်ဆိုတဲ့ကိစ္စပါ။ အလွန်မှားသည့်ကိစ္စဖြစ်
ပါသည်။ထို့အပြင် အာပေါင်အာရင်းသန်သန်နဲ့ ကုန်းအော်တိုင်တည်နေတာတွေ တောက်တောက်
ပြောင်ပြောင်တွေ ၀တ်စားဆင်ယင်ကာ ဆိုင်းနဲ့ဗုံနဲ့ အကျအန သောက်စားကခုန်နေတာတွေဟာ အမှန်
စစ်စစ် သံသရာမှလွတ်မြောက်ရာ လမ်းမဟုတ်ပါဆိုသည်ကိုလည်း ကျမ်းဂန်တတ် ဆရာတော်များ ဟော
ကြားဆုံးမတာ ကြားနာဖူးပါသည်။ ယင်းသို့ သရဏံဂုံ ပျက်အယူလွဲသူတို့ သေလွန်သော် သုဂတိဘုံသို့
ရောက်ရန်မရှိပါ။သို့ပါသောကြောင့် သည် link သို့လာရောက်သူအပေါင်း ရတနာသုံးပါးမှလွဲလျှင် အခြား
ကိုယ်းစရာမရှိဟု ခံယူကာ အမြဲအစဉ် သရဏံဂုံတည်နေနိုင်ပါစေ....
ကျွန်ုပ်၏ စိတ်ကူးသက်သက်သာဖြစ်ပါသောကြောင့် အမှားပါခဲ့လျှင် ခွင့်လွှတ်နိုင်ပါရန်...
No comments:
Post a Comment