ပဌာန်း(၂၄)ပစ္စည်း မေတ္တာပွားနည်း..
၁။ ဟေတုပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော(လောဘ၊ဒေါသ၊မောဟ)ဟိတ်တရားများကိုပယ်ရှားနိုင်ကြပြီး ကောင်းသော (အလောဘ၊အဒေါသ၊အမောဟ)ဟိတ်တရား
များ တိုးတက် ခိုင်မြဲနိုင်ကြပါစေ...
၂။ အာရမ္ပဏပစ္စယော - သတ္တ၀ါအားလုံး မကောင်းသောအာရုံများတွင် မမွေ့လျော်ဘဲ ကောင်းသော
အာရုံးများတွင်သာ မွေ့လျော်နိုင်ကြပါစေ...
၃။ အဓိပတိပစ္စယော - သတ္တအားလုံးမကောင်းသောတရားများတွင်(ဆန္ဒ၊စိတ္တ၊၀ီရိယ)တရားများနှင့်
ကြီးမှူးဦးမဆောင်နိုင်ဘဲ ကောင်းသောတရားများတွင်(ဆန္ဒ၊စိတ္တ၊၀ီရိယ၊၀ိမံသ)
တရားများနှင့် ကြီးမှူးဦးဆောင်သွားနိုင်ကြပါစေ...
၎။ အနန္တရပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ၊ အကြားမ
လပ် ဆက်တိုက်မဖြစ်ကြဘဲ ကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ
သာလျှင် အကြားမရှိ စဉ်ဆက်ဖြစ်နိုင်ကြပါစေ...
၅။ သမနန္တပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ၊ အကြားမ
လပ် ဆက်တိုက်မဖြစ်ကြဘဲ ကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ
သာလျှင် အကြားမရှိ စဉ်ဆက်ဖြစ်နိုင်ကြပါစေ...
၆။ သဟဇာတပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော ရုပ်၊နာမ်တရားများ အတူတကွမဖြစ်ကြဘဲ
ကောင်းသောရုပ်၊နာမ်တရားများသည်သာလျှင် အတူတကွဖြစ်နိုင်ကြပါစေ...
၇။ အညမညပစ္စယော - သတ္တ၀ါအားလုံး မကောင်းသောရုပ်၊နာမ်တရားများ အချင်းချင်းယှဉ်တွဲပြီး အ
ပြန်အလှန် ကျေးဇူးမပြုကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသည်သာလျှင်
အချင်းချင်းယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြပါစေ...
၈။ နိဿယပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော ရုပ်၊နာမ်တရားများတွင် မှီပြီးမဖြစ်ကြဘဲ
ကောင်းသော ရုပ်၊နာမ်တရားများတွင်သာ အမှီပြုပြီး ဖြစ်နိုင်ကြပါစေ...
၉။ ဥပနိဿယပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော ပညတ်၊နာမ်၊ရုပ် တရားများတွင် အားကြီး
သော မှီရာအဖြစ် အမှီမပြုကြဘဲ ကောင်းသော ပညတ်၊နာမ်၊ရုပ် တရားများ
တွင်သာ အားကြီးသောမှီရာအဖြစ် အမှီပြုပြီး ဖြစ်နိုင်ကြပါစေ...
၁၀။ ပုရေဇာတပစ္စယော - သတ္တ၀ါအားလုံး ရှေးဦးစွာကြိုတင်ပြီး မကောင်းသောရုပ်တရားများ မဖြစ်နှင့်ကြ
ဘဲ ကောင်းမွန်သောရုပ်တရားများသည်သာ ဖြစ်နှင့်နိုင်ကြပါစေ...
၁၁။ ပစ္ဆာဇာတပစ္စယော - သတ္တ၀ါအားလုံး ဖြစ်နှင့်ပြီး ရုပ်တရားများအား နောက်မှဖြစ်သော နာမ်တရား
များက ကျေးဇူးပြုရာတွင် မကောင်းသော နာမ်တရားများက ကျေးဇူးမပြုကြဘဲ
ကောင်းမွန်သော နာမ်တရားများကသာ ကျေးဇူးပြုနိုင်ကြပါစေ...
၁၂။ အာသေ၀နပစ္စယော - သတ္တ၀ါအားလုံး မကောင်းသော အကုသိုလ်တရားများ အဖန်တလဲလဲ ထုံခြင်း
သဘောဖြင့် ထပ်ကာ ထပ်ကာမဖြစ်ကြဘဲ ကောင်းမွန်သန့်စင်သော ကုသိုလ်
တရားများသည်သာ အဖန်တလဲလဲ ထုံခြင်းသဘောဖြင့် ကြိမ်ဖန်များစွာ ဖြစ်နိုင်
ကြပါစေ...
၁၃။ ကမ္မပစ္စယော - သတ္တ၀ါအားလုံး မကောင်းသောအကုသိုလ်တရားများကို မပြုလုပ်အားမထုတ်
နိုင်ကြဘဲ ကောင်းသော ကုသိုလ်တရားများကိုသာလျှင် ပြုလုပ်အားထုတ်နိုင်ကြ
ပါစေ...
၁၄။ ၀ိပါကပစ္စယော - သတ္တ၀ါအားလုံး မကောင်းသောအကုသိုလ်တရားများ မရရှိမခံစားနိုင်ကြဘဲ ကောင်းသော ကုသိုလ်တရားများကိုသာလျှင် ရရှိခံစားနိုင်ကြပါစေ...
၁၅။ အဟာရပစ္စယော - သတ္တအားလုံးရရှိထားရာ ခန္ဓာကြီးအား မကောင်းသောရုပ်၊နာမ်တရားများနှင့် မ
ထောက်ပံ့နိုင်ကြဘဲ ကောင်းသောရုပ်၊နာမ်တရားများနှင့်သာ ထောက်ပံ့နိုင်ကြပါစေ...
၁၆။ က္ကန္ဒြိယပစ္စယော - သတ္တ၀ါအားလုံး မကောင်းသောရုပ်၊နာမ်တရားများတွင်အစိုးမရနိုင်ကြဘဲကောင်း
သော ရုပ်၊နာမ်တရားများတွင်သာ အစိုးရနိုင်ကြပါစေ...
၁၇။ ဈာနပစ္စယော - သတ္တ၀ါအားလုံးမကောင်းသော တရားများတွင် မစူးစိုက်အာရုံမပြုနိုင်ကြဘဲ
ကောင်းသောတရားများတွင်သာ စူးစိုက်အာရုံပြုနိုင်ကြပါစေ...
၁၈။ မဂ္ဂပစ္စယော - သတ္တ၀ါအားလုံးဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသောအကုသိုလ်ခ
ရီးလမ်းကြောင်းကိုမလျှောက်လှမ်းနိုင်ကြဘဲ သုဂတိဘုံဘ၀မှသည် နိဗ္ဗာန်သို့တိုင်
ရောက်စေတတ်သည့် ကောင်းသောကုသိုလ်ခရီးလမ်းကြောင်းကိုသာ လျှောက်လှမ်း
နိုင်ကြပါစေ...
၁၉။ သမ္ပယုတ္တပစ္စယော - သတ္တ၀ါအားလုံးမကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများ၊ယှဉ်တွဲပြီးမဖြစ်
ကြဘဲ ကောင်းသော(စိတ်၊စေတသိက်)နာမ်တရားများသာလျှင် ယှဉ်တွဲသော
အားဖြင့်ဖြစ်နိုင်ကြပါစေ...
၂၀။ ၀ိပ္ပယုတ္တပစ္စယော - သတ္တ၀ါများအားလုံး မယှဉ်တွဲသောအားဖြင့်လည်းမကောင်းသော ရုပ်၊နာမ်တရား
များ မဖြစ်နိုင်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသည်သာ ဖြစ်နိုင်ကြပါစေ...
၂၁။ အတ္ထိပစ္စယော -သတ္တ၀ါအားလုံးမကောင်းသောရုပ်၊နာမ်တရားများထင်ရှားရှိမဖြစ်နိုင်ကြဘဲကောင်း
သော ရုပ်၊နာမ်တရားများသည်သာ ထင်ရှားရှိပြီးဖြစ်နိုင်ကြပါစေ...
၂၂။ နတ္ထိပစ္စယော - သတ္တ၀ါအားလုံး ထင်ရှားမရှိ ချုပ်ငြိမ်းပြီးခြင်းအားဖြင့်လည်း မကောင်းသောနာမ်
တရား မဖြစ်နိုင်ကြဘဲ ကောင်းသောနာမ်တရားများသာဖြစ်နိုင်ကြပါစေ...
၂၃။ ၀ိဂတပစ္စယော - သတ္တ၀ါအားလုံးကင်းကွာသောအားဖြင့်လည်း မကောင်းသောနာမ်တရားများ မ
ဖြစ်နိုင်ကြဘဲ ကောင်သောနာမ်တရားများသည်သာ ဖြစ်နိုင်ကြပါစေ...
၂၄။အ၀ိဂတပစ္စယော - သတ္တ၀ါအားလုံးမကင်းကွာသောအားဖြင့်လည်းမကောင်းသောရုပ်၊နာမ်တရားများ
မဖြစ်နိုင်ကြဘဲ ကောင်သောရုပ်၊နာမ်တရားများသည်သာ ဖြစ်နိုင်ကြပါစေ...
သတ္တ၀ါအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘာသာသာသနာအကြိုး သယ်ပိုးနိုင်ပြီး ဘာသာမျိုပြီးသာသနာမပျောက်အောင် ထိန်းသိမ်းနိုင်ကြပါစေ...

No comments:
Post a Comment