Friday, November 8, 2013

မိတ်ဆွေသူငယ်ချင်းတိုင်းကိုယုံသင့်သလား......

ယုံသင့်မှယုံ...ပြောသင့်မှပြော...

ကျွန်တော့်အမြင်သက်သက်သာ တင်ပြခြင်းဖြစ်ပါသည်။အမှားပါခဲ့လျှင် ကြိုတင်တောင်းပန်အပ်ပါသည်။
မိတ်ဆွေသူငယ်များဆိုသည်မှာ ကောင်းကျိုးလိုလားသူများ ရှိသလို မကောင်းကျိုးလိုလားသူများလည်း
ရှိနိုင်ပါသည်။သို့ပါသောကြောင့် ကိစ္စအဝဝအား ပြောပြတိုင်ပင်ရန် သင့်သည်မသင့်သည်ကို ဦးစွာဆင်
ခြင်သင့်ပါသည်။အဘယ်ကြောင့်ဆိုသော် မကောင်းကျိုးလိုလားသူကိုသာ ပြောပြမိလျှင် မိမိအကျိုးစီးပွား
ပျက်ဆီးမည်မှမကဘဲ ထိုသူအတွက် များစွာသောအခွင့်အရေးများကို ချပြလိုက်သလိုဖြစ်ပေလိမ့်မည်။
အထူးသဖြင့် စီးပွားတူမိတ်ဆွေ သူငယ်ချင်းများအား ပိုမိုဂရုစိုက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုလျှင်
 ထိုသူများကပင် မိတ်ကောင်းဆွေမွန်ဟန်ပြုပြီး မိမိအကျိုးစီးပွားအား ပျက်ဆီးအောင်ဆောင်ရွက်ရန် အနီး
ဆုံးပင်ဖြစ်ပါသည်။လူတိုင်းကို မဆိုလိုပါ။ မိမိကောင်းစားသည်ကို မိမိတစ်ဦးတစ်ယောက်တည်း မခံစားဘဲ
မိမိ၏မိတ်ဆွေသူငယ်ချင်းကိုပါ ခံစားစေသော တကယ့်မိတ်ကောင်းဆွေမွန်များလည်း များစွာရှိပါသည်။
သင်သာထိုသို့သောမိတ်ဆွေသူငယ်ချင်းနှစ်မျိုးစလုံးနှင့် ဆုံစည်းမည်ဆိုပါလျှင် သင်ပြောသင့်ပြောထိုက်
သော ယုံသင့်ယုံထိုက်သော သူများကိုသာလျှင် အထူးဂရုပြုတိုင်ပင်နွေးပါလေ။ လိုအပ်သည်ထက် မိမိအတွင်းရေး လုပ်ငန်းကိစ္စ များအားထုတ်ဖေါ်ပြောဆိုခြင်းမှရှောင်ကျဉ်ပါလေ။ စကားဆိုသည် မှာ   ပြောရင်းပြောရင်း ကားကားသွားတတ်ပါသည်။ သို့ပါသောကြောင့် သင်လိုသလောက်သာပြောပါလေ။
သင့်အား သင့်မိတ်ဆွေက သူ့ကိုသင်ပြောပြသလောက် ပြောပြဖူးပါသလား။သင်လိုစိတ်ကော ထားနိုင်ရဲ့
လား အထူးဆင်ခြင်ပါလေ။ထိုသို့ဆင်ခြင်မှသာ သင်နှင့်ထပ်တူကျမိတ်ဆွေသူငယ်ချင်းဟုတ်သည် မဟုတ်
သည်ကိုသင်သိရှိနိုင်မည်ဖြစ်ပါသည်။
                 မည်သူတစ်ဦးတစ်ယောက်ကိုမျရည်ရွယ် ပုတ်ခတ်ခြင်းမဟုတ်ပါ။လာရောက်လေ့လာသူအ
ပေါင်း သတိမမူ ကူမမြင် အဖြစ်မျိုးမဖြစ်စေရန်ရည်ရွယ်ပါသည်။လာရောက်သူအပေါင်း မိတ်ကောင်းဆွေ
မွန်များနှင့် တွေ့ဆုံပြီး ဘာသာသာသနာကို ဆောင့်ရှောက်နိုင်ကြပါစေကြောင်း.....
                                                                                                           သူရ(လယ်ဝေး)

 
 

No comments:

Post a Comment