အယူမှားပြီးသေလွန်သော်...
ကျွန်ုပ်တို့ဗုဒ္ဓဘာသာသည် တုနှိုင်းမရသော ဘုရားအမြတ်ဆုံးရတနာ...တရားအမြတ်ဆုံးရတနာ...သံဃာအမြတ်ဆုံးရတနာ တည်းဟူသောရတနာမြတ်သုံးပါးအား အမြဲအစဉ် ဦးထိပ်ပန်ဆင်ကာ ငါးပါးသောသီလဂုဏ်တို့အား အပျက်မခံဘဲ သရဏံဂုဏ်ဆောက်တည်ခြင်းသာလျှင် အမြတ်ဆုံးအလုပ်ဖြစ်ပါသည်။ထိုသို့မဟုတ်ပါဘဲ သရဏံဂုဏ်ပျက်စေမည့် ဟိုနတ်ကိုကုန်းရှိခိုး...ဒီနတ်ကိုအော်ပြီးတိုင်တည်...သူ့အကြောင်းမဟုတ်တာပြော...သီလဂုဏ်ကိုမဆောင့်ထိန်း အယူတိန်းမှား နေသူများလည်းအလွန်ပင်ပေါများနေပါသေးသည်။
သီလဂုဏ်...သမာဓိဂုဏ်တို့နှင့်ပြည့်စုံတော်မူသော ဘုရားသားတော် ဗုဒ္ဓရဟန်းသံဃာတော်တို့အားလည်း မလေးစားတတ်သောလူငယ် လူရွယ်များလည်းများစွာရှိနေပါသေးသည်။
ဟိုနတ်တိုင်တည် ဒီနတ်ရှိခိုးခြင်းများသည် ယခုပစ္စုပ္ပန်တွင်လည်း အမှန်တကယ်ကောင်းကျိုးပေးခြင်းမဖြစ်နိုင်ပါ...မိမိ နောက်နောက်ကပြုခဲ့သော ဒါနဂုဏ်...သီလဂုဏ်...သမာဓိဂုဏ်တို့ကြောင့်သာကောင်းကျိုးလိုအင်များပြည့်ဝနေခြင်းဟုထင်ပါသည်...
ထိုသို့သောသရဏံဂုဏ်ပျက်သူတို့သေလွန်ပြီးသောအခါ အပါယ်ဘုံများဖြစ်ကြသော ငရဲ...တိရိစ္ဆာန်...ပြိတ္တာ...အသူရကယ်ဘုံတို့တွင်သာ ကျခံရနိုင်ပါသည်။ထိုသူတို့တွင်သုဂတိဘုံ သို့ရောက်ရန်မှာ မဖြစ်နိုင်ပါ...
သို့ပါသောကြောင့် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ခင်ဗျား...အယူမှားပြီး သေလွန်သူမဖြစ်ရလေအောင် ရတနာသုံးပါး အစဉ်အမြဲ ဦးထိပ်ပန်နိုင်တဲ့ သူများဖြစ်ကြပါစေခင်ဗျာ....
.jpg)
No comments:
Post a Comment