ဗုဒ္ဓံပူဇေမိ၊ဓမ္မံပူဇေမိ၊သံဃံပူဇေမိ....
သရဏံဂုဏ်သုံးပါး ဦးထိပ်မထားနိုင်ဘဲ...သရဏံဂုဏ်ပျက်နေသူများသည်...သုဂတိဘုံသို့ရောက်ရန် ရရန်...မဖြစ်နိုင်ပါ...ဘုရားအမြတ်ဆုံးရတနာ...တရားအမြတ်ဆုံးရတနာ...သံဃာအမြတ်ဆုံးရတနာသုံးပါးသောရတနာသည်သာ ကိုယ်းကွယ်ရာအမှန်ဖြစ်ပါသည်။
အန္တရာယ်ကင်းအောင် ဟိုနတ်တိုင်တည်...စီးပွားတက်အောင်ဒီနတ်တိုင်တည်...လုပ်နေခြင်းသည် သုဂတိဘုံနှင့် အလှမ်းဝေးလွန်းလှပါသည်။ လာတ်လာဘ ကောင်းမွန်အောင် ဟိုဘိုးတော်ရဲ့အဆောင်ကို
ဆောင်...မျက်နှာပွင့်အောင်ဒီဘိုးတော်ရဲ့အဆောင်ကိုဆောင် လုပ်နေခြင်းဟာလည်း သုဂတိဘုံနှင့် လားလားမှမသက်ဆိုင်ပါ...အဆောင်အယောင်တောက်တောက်ပြောင်ပြောင်နဲ့ ဟိုနတ်ကိုပူဇော် ဒီနတ်ကိုပူဇော် နတ်ကတော်များသည်လည်း သုဂတိဘုံတွင် သူတို့အတွက် နေရာမရှိနိုင်ပါ... သို့ပါသောကြောင့် သေလွန်ပြီးသည့်နောက် သံသရာဝတ်ဆင်းရဲအတွင်းမှ လွတ်မြောက်ပါရခြင်းငှာ ရတနာမြတ်သုံးပါးသာ ကိုယ်းကွယ်ရာပါ.......
.jpg)
No comments:
Post a Comment